← Back to Blogs
Jun 10, 2026

Notion Users သန်း ၁၀၀ ကျော်လာပြီ — Ivan Zhao ဘယ်လို ပြန်တည်ဆောက်ခဲ့လဲ

Notion Users သန်း ၁၀၀ ကျော်လာပြီ — Ivan Zhao ဘယ်လို ပြန်တည်ဆောက်ခဲ့လဲ
ကျွန်တော်တို့သုံးနေတဲ့ Notion က အခု ၂၀၂၆ မှာ User သန်း ၁၀၀ ကျော်ရှိပြီး တန်ဖိုး ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိလာပြီ ဒီ No-code tool ကြီးရဲ့ နောက်ကွယ်မှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ "ဦးနှောက်" တစ်ခု ရှိတယ် သူ့နာမည်က "Ivan Zhao" ၂၀၁၃ ခုနှစ်က San Francisco မှာ သူနဲ့ သူ့ Co-founder ဖြစ်တဲ့ Simon Last တို့ဟာ လူတွေ နေ့စဉ်သုံးနေရတဲ့ data တွေ App တွေ အများကြီးထဲမှာ ပြန့်ကျဲနေတာကို တစ်နေရာတည်းမှာ စုစည်းပေးဖို့ Notion ကို စတင် တည်ထောင်ခဲ့တယ် ဒါပေမဲ့ အစပိုင်းက မလွယ်ခဲ့ဘူး ၂၀၁၅ ခုနှစ်မှာ Code တွေ ကမောက်ကမ ဖြစ်၊ ပိုက်ဆံတွေ ကုန်လုနီးပါးဖြစ်ပြီး ကုမ္ပဏီ ပိတ်ရမယ့် အခြေအနေထိ ကြုံခဲ့ရတယ် အဲဒီအချိန်မှာ Ivan က ပြတ်သားတဲ့ Decision တစ်ခုကို ချခဲ့တယ် San Francisco က ရုံးခန်းကို ပိတ်၊ ရှိသမျှ ဝန်ထမ်းတွေကို အကုန်အလုပ်ဖြုတ်ပြီး ဂျပန်နိုင်ငံ Kyoto မြို့က တိုက်ခန်းအသေးလေးတစ်ခုဆီကို သူတို့နှစ်ယောက်တည်း ရွှေ့ပြောင်းခဲ့တယ် အပြင်လူမှုရေး အာရုံနောက်စရာတွေကို ဖြတ်၊ တစ်နေ့ကို ၁၈ နာရီနီးပါး Code တွေပဲ ထိုင်ရေးပြီး Notion ကို အစကနေ ပြန်တည်ဆောက်ခဲ့တယ် ရလဒ်ကတော့ ၂၀၁၆ မှာ ထွက်လာတဲ့ Module ပုံစံ "Block" Architecture ပါပဲ ဒီစနစ်ကပဲ ဒီနေ့ ကိုယ်တို့မြင်နေရတဲ့ Notion ရဲ့ အောင်မြင်မှု အစပြုရာ ဖြစ်လာခဲ့တယ် အမှားတွေ ကြုံလာရတဲ့အခါ အရှုံးမပေးဘဲ ကိုယ့်ရဲ့ Core Vision နဲ့ System ကိုပဲ အာရုံစိုက်ပြီး အစကနေ ပြန် "Refound" လုပ်နိုင်ခဲ့လို့ ဒီနေ့ တကယ့် ကမ္ဘာကျော် Software ဖြစ်လာတာပါ စနစ်ကောင်းတစ်ခုရဲ့ စွမ်းအားဟာ ဘယ်လောက်ထိ သွားနိုင်လဲဆိုတာ Notion ရဲ့ သမိုင်းကြောင်းက သက်သေပါပဲ