Aug 12, 2026
Notion က AI ခေတ်မှာ ဘယ်လို Adapt လုပ်ခဲ့လဲ
2024 တုန်းက Notion 101 Training စလုပ်ခဲ့တဲ့အချိန်မှာ
တကယ်ပြောရရင် Notion က AI ခေတ် မှာ နောက် 1–2 နှစ် Survive ဖြစ်ပါ့မလားလို့ တွေးခဲ့ဖူးတယ်။
အခုဆို AI က Content ရေးပေးတယ်။
Research လုပ်ပေးတယ်။
Task တွေလုပ်ပေးတယ်။
ဒါဆို Notion လို Tool ကို ဘာလို့လိုတော့မလဲပေါ့။
ဒါပေမယ့် Notion က AI ကို Resist မလုပ်ဘူး။
Adaptation လုပ်တယ်။
Note App ကနေ Workspace ဖြစ်လာတယ်။
Workspace ကနေ AI Workspace ဖြစ်လာတယ်။
အခုတော့ Human + AI အတူတူအလုပ်လုပ်မယ့်
Operating Layer ဘက်ကို သွားနေတယ်။
ပို ကောင်းတာက
သူတို့က "Best AI Model" ဖြစ်ဖို့မကြိုးစားဘူး။
Company ရဲ့ Knowledge၊ SOP၊ Projects၊ Decisions၊ Customer Data တွေရှိတဲ့ Context ကို Centralized လုပ်ဖို့ ကြိုးစားတယ်။
ဒီမှာ သိလိုက်ရတာ တစ်ခုရှိတယ်။
Market ပြောင်းလာတဲ့အချိန်
ကိုယ့် Product အဟောင်းကို Protect လုပ်နေတာထက်
ကိုယ့် Role ကို ပြန် Define လုပ်နိုင်တာ ပိုအရေးကြီးတယ်။
Notion က အဲ့ဒါကို တော်တော်ကောင်းကောင်း လုပ်ပြသွားတယ်။